Contributions to Community...(14)
Mission for Vision...
ဒီနေ့မျက်မှန် အလှူသွားပေးတာတော့ လှိုင်သာယာမြို့နယ် ကွက်သစ် မြသီရိလမ်းမှာဖြစ်ပါတယ်... လူဦးရေ တစ်ရာ့ ကျော်ကို စမ်းသပ်ပြီး အနီးကြည့် အဝေးကြည့် မျက်မှန် တွေ ပေးလှူခဲ့ပါတယ်... ဆေးရုံပြသဘို့ လိုတဲ့မျက်စေ့ဝေဒနာရှင် တွေကိုလည်း ဆေးရုံကိုညွှန်းပိုလိုက်ပါတယ်....
ဒီရပ်ကွက်ကတော့ အခြေခံလူတန်းစားတွေနေတာများပြီး ငွေကြေး မပြည့်စံုတာများပါတယ် မြို့ထဲနဲ့အလှမ်းမဝေးပေမဲ့ မသွားတတ်မလာတတ်တာကတစ်ကြောင်း ငွေကြေးမပြည့်စုံတာကတစ်ကြောင်း တို့ကြောင့်် မျက်စေ့မှုန်နေပေမဲ့ မျက်မှန်မလုပ်ဖြစ်သူများပါတယ်...
. မပြည့်စုံတဲ့သူလိုအပ်တဲ့သူတွေကိုကူညီဖြည့်စီးပေးရတဲ့ အတွက် အလွန်ကြည်နူးမိပါတယ်....
မျက်မှန်အလှူမှာ လိုက်ပါကူညီသူများနဲ့ စီစဉ်ပေးသူ ကိုဇော်ဇော် (AT Hair Salon) ကိုအထူးကျေးဇူးတင်ပါတယ်
မျက်မှန်အလှူအတွက် အလှူငွေထည့်၀င်တဲ့ မိတ်ဆွေ ဦး ကိုကို အတန်းဖော်သူငယ်ချင်း မနှင်းယုနဲ့ လူရည်ချွန်သူငယ်ချင်း များကို အထူးကျေးဇူးတင်ပါတယ်
မျက်မှန်လှူရခြင်း အကျိုးကြောင့် အမှောင်ခွင်းအလင်း ဆောင်ပြီး မီးပျက်ခြင်းဘေးမှ ကင်းဝေးနိုင်ကြပါစေ
https://www.facebook.com/watch/?v=527381299099088

Comments
Post a Comment