ရန်ကုန်၊ လှော်ကား

 

Contributions to Community...(10)
Mission for Vision... လှော်ကားကျေးရွာ
ဒီနေ့မျက်မှန် အလှူသွားပေးတာတော့ ရွှေပြည်သာ မြို့နယ် မြောက်ဘက်အစွန်က လှော်ကားကျေးရွာဖြစ်ပါတယ်
လူဦးရေ တစ်ရာ ကျော်ကို အနီးကြည့် အဝေးကြည့် မျက်မှန်တွေ လှူဖြစ်ပါတယ်... ဆေးရုံပြပသဘို့ လိုတဲ့မျက်စေ့ဝေဒနာရှင် တွေကိုလည်း ဆေးရုံကိုညွှန်းပိုလိုက်ပါတယ်....
ရန်ကုန် နဲ့အလှမ်းမဝေးပေမဲ့ မသွားတတ်မလာတတ်တာ ကတစ်ကြောင်း ငွေကြေးမပြည့်စုံတာကတစ်ကြောင်း မျက် စေ့မှုန်နေပေမဲ့ မျက်မှန်မလုပ်ဖြစ်သူများပါတယ်...
. မပြည့်စုံတဲ့သူလိုအပ်တဲ့သူတွေကိုကူညီဖြူည့်စီးပေးရတဲ့ ဘဝမျိုး ကို အလွန်ကြည်နူးမိပါတယ်....
မျက်မှန်အလှူမှာ လိုက်ပါကူညီသူများ စီစဉ်ပေးသူ ဒေသခံများကို ကျေးဇူးတင်ပါတယ်
မျက်မှန်အလှူအတွက် အလှူငွေထည့်၀င်တဲ့ မိတ်ဆွေ ဦးကိုကို အတန်းဖော် Drနှင်းယု နဲ့ လူရည်ချွန် သူငယ်ချင်း များကို အထူးကျေးဇူးတင်ပါတယ်
မျက်မှန်လှူရခြင်း အကျိုးကြောင့် အမှောင်ခွင်းအလင်း ဆောင်ပြီး မီးပျက်ခြင်းဘေးမှ ကင်းဝေးနိုင်ကြပါစေ

Comments