ကြည့်မြင်တိုင်တဘက်ကမ်း အေးရွာမှာ မျက်မှန်အလှူ...

 
Contributions to Community (7)
Mission for Vision
ပြည်သူတို့အတွက် မျှဝေခြင်း...

     အေးရွာသည် ကြည့်မြင်တိုင် မြို့နယ်၏ အစိတ်အပိုင်း တစ်ခုဖြစ်သော်လည်း

လှိုင်မြစ်ခြားနေပြီး ဖွံ့ဖြိုးမှု အတန် ငယ်ကျန်နေသော နေရာဖြစ်ပါသည်...
    ဒေသခံ ပြည်သူများ၏ တောင်းဆိုချက်အရ ဆရာနှင့် ဆရာ့ တပည့်များက စက်လှေဖြင့် တဘက်ကမ်းကို ကူး၍ ဓမ္မာရုံတွင်အခြေပြပြီး ပြည်သူ၁၇၀ကို မျက်စေ့စမ်းသပ် ကာ မျက်မှန် များလှူဒါန့်းခဲ့ပါသည်... မျက်စေ့ရောဂါများ နှင့် ခွဲစိတ်ရန် လိုအပ်သူများကိုလည်း လှိုင်သာယာ ပြည်သူ့ ဆေးရုံကြီးသို့ ညွှန်းပို့ခဲ့ပါသည်...
.. ဆရာ၏မျက်မှန်အလှူတွင် အလှူငွေပါဝင်သူ နှင့် ဆရာ နှင့် အတူ လိုက်ပါကူညီသူ ဇော်လင်းထိုက် ဇင်မျိုးဖြူ ဌေးဝင်းထွန်း ဒေါ် ခင်စိုးမြင့်နှင့် မြို့ခံလူငယ်များကို ပြည်သူ များကိုယ်စား အထူးကျေးဇူးတင်ပါသည်...

Comments