· 
နေမောင် အသက်၆၀ ပြည့်တော့ ပါမေက္ခချုပ်ဘဝက အနားယူသည်။ မိတ်ဆွေ နိုင်ငံခြား တက္ကသိုလ်မှ ပါချုပ် ကသူတို့ တက္ကသိုလ်တွင် ၆၅နှစ်ထိလုပ်ခွင့်ရှိသဖြင့် လာ လုပ်ရန် ကမ်း လှမ်းသည်။ လစာကလည်း ကိုယ်ဆီကနှင့် စာလျင် မက်လောက်စရာကောင်းသည်။
နှစ်ပေါင်းများစွာတပ်ဘက်၊အရပ်ဘက် အစိုးရဝန်ထမ်း အဖြစ် ကျင်လည်ခဲ့ဘူးပြီ၊ လစာကောင်းသည့် နိုင်ငံခြားသ်ု့ ထွက်လုပ်ရင် ကောင်းလေမလား တွေးမိသည်...
သို့သော် မဖြစ်သေး.. ငယ်စဉ် လူရည်ချွန်ကျောင်းသား ဘဝက ဆရာဝန်ဖြစ်လျင် မရှိဆင်းရဲသားများကို အခမဲ့ ဆေးကုပေးမည်ဟု အင်တာဗျူးတွင်ပြောခဲ့ဘူးသည်...
ကိုယ်ကသူဌေး မဟုတ်သော်လည်း စားနိုင် သောက်နိုင် သည်၊ ကိုယ်က လောဘကြီးသူတယောက်လည်းမဟုတ်..
တနေ့ ထမင်းနှစ်နပ် မှန်မှန်စားရလျင်တော်ပြီ...
နေမောင့်အဖေနှင့်တိုင်ပင်တော့ လူဆိုတာပင်စင်ယူချိန် မှာ ယူမှစိတ်အနားရပြီး လူဖြစ်ရကျိုးနပ်မည်၊ ကိုယ်လုပ် ချင်တာကိုလည်းအနှောင်အဖွဲ့ကင်းကင်းလုပ်နိုင်မည်ဟု အကြံပေးသည် ထို့ကြောင့်နိုင်ငံခြားထွက်ရန် မစဉ်းစားတော့
ပြည်သူ့ကျန်းမာရေးဆရာဝန်ဘဝဖြင့် ကွင်းဆင်းခဲ့စဉ် က အခြေခံ လူတန်းစားတို့၏ မကျန်းမာလျင် ဆေးကုရန် လက်လှမ်းမမှီသော သူတို့ဘဝကို တွေ့မြင်စာနာမိသည်..
ထို့ကြောင့်ပင်စင်ယူပြီးသည်နှင့်တပည့်တွေခေါ်၊ ကားပေါ် ဆေးဝါးများတင်ပြီး ကျန်းမာရေး စောင့်ရှောက်မှု လက် လှမ်း မမှီသော အခြေခံလူတန်းစားများရှိရာ ဆင်ခြေဖုံး ရပ်ကွက်များ၊ ကျေးရွာများသို့ လှည့်လည်၍ဆေးကုသ ဖြစ်သည်... ဆေးရုံတက်ရမည့်သူများကိုလည်း သက်ဆိုင် ရာ ဆေးရုံများနှင့် ချိတ်ဆက်၍ ဆက်လက်ကုသရန် လွှဲပို့ ပေးသည်... ဆရာလာလျင် သူတို့က ဆွေမျိုးအရင်းခြာလို ဆက်ဆံကြ၍ ပီတိဖြစ်ရသည်..
ရာထူးရှိတုံးကလိုအာဏာတွေပါဝါတွေ အခြွေအရံတွေ မရှိတော့သော် လည်း ကိုယ်ကရရန်ဘာမှ မမျှော်လင့်ဘဲ ပေးဆပ်ရုံ သက်သက် ဆေးကုပေးရသည်မှာ ကြည်နူး စိတ်ချမ်းသာ လှပါသည်.. မပြည့်စုံသော ကိုယ့်ပြည်သူ တွေ ကိုကိုယ်တတ်သောဆေး ပညာဖြင့် ကူညီရသည်မှာ ပူလောင်သော ရာထူးအာဏာပါဝါတွေရှိသည်တုံးက ထက်ပို၍ ဝမ်းသာ ပီတိ စိတ်ချမ်းသာမိပါတော့သည်...


Comments
Post a Comment