တစ်နေ့က ဆရာက မြို့ရွာတွေကို အကြမ်းဘက်တိုက် ခိုက် ခံရလို့ စစ်ဘေးရှောင်စခန်းတွေကို ထွက်ပြေးပြီး ဆင်းရဲ ဒုက္ခကြီးစွာ နေထိုင်စားသောက်နေရတဲ့ ပြည်သူ တွေကို ပံ့ပိုးကူညီဘို့ လူကယ်ပြန် ဝန်ကြီးဌာနမှာ လုံးလုံး လျားလျား တာဝန်ရှိကြောင်း ပြောခဲ့ပါတယ်...
ဆရာ့အနေနဲ့ ဝန်ကြီးကို လူကိုလည်းမသိ
ဒါနဲ့ပတ်သက်ပြီး နိုင်ငံခြားမှာကျောင်းသွားတက်တဲ့ မိတ် ဆွေ တစ်ဦးရဲ့သမီးငယ်ကသူက ရာထူးအာဏာတော့မက် ပြီး တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့လူမျိုးလို့ အထင်ခံရမှာ ရှက်မိကြောင်း စာပို့လာပါတယ်...
ဆရာက ပြန်ပြောလိုက်တယ်.. အဲဒီလိုလူမျိုးက မတော် လောဘသားအနည်းစုပါ... ကျန်တဲ့ပြည်သူသန်း၅၀ကျော် က လက်တွဲညီညီနဲ့ ခုခံတွန်းလှန်ရင်း မြန်မာပြည် အနှံ့အ ပြား စစ်ဘေးရှောင်တွေအတွက် တတ်အားသ၍ပံ့ပိုးကူညီ နေကြတာ မို့ရှက်စရာမလိုပါလို့ ရှင်းပြလိုက်တယ်.....
ဒါကြောင့်ဆရာကတော့ဒီလိုအရေးကြီးရင်သွေးစည်းညီ ညွတ် ပြီး တာဝန်ရှိသူတွေမကူညီပေမဲ့လည်း အချင်းချင်း ယိုင်းပင်း ကူညီတတ်တဲ့ အမှန်တရားအတွက်ရပ်တည်ရဲတဲ့ မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်ရတာ ဂုဏ်ယူပါတယ်




Comments
Post a Comment