အသက်၆၅နှစ်ပြည့်အမှတ်တရ ပေ၈၀၀၀ကျော် တောင်ထိပ်သို့ အောင်မြင်စွာတက်ရောက်ခြင်း.....

 

    ယခုနှစ်ဇန္နဝါရီလ ၈ရက်နေ့ကရှမ်းပြည်နယ်တောင်ပိုင်း မဲနယ်တောင်တန်းရှိ ပေ ၈၂၀၀ အမြင့်ရှိ လွယ်မှိုင်းတောင် ထိပ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပါသည်...


. .ချင်းပြည်နယ်တွင်သာ အတွေ့များခဲ့သည့် တောင်ဇလပ် ပန်း များ ဖူးပွင့်ဝေနေသည်ကိုလည်းတွေ့ရှိခဲ့ရပါသည်...
. .ပြီးခဲ့သည့် နှစ်လက အသက်၆၅နှစ်ပြည့်ပြီးဖြစ်ရာ ၆၅ နှစ် ပြည့်အမှတ်တရ တောင်တက်လိုသည့် ဆန္ဒလည်း ပြည့်ဝသွားပြီး ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချရမှုလည်း ပိုရှိသွားခဲ့ပါသည်...


   COVID ကာလကစ၍ တောင်တက်ခရီးစဉ်များကို ရပ် နား ခဲ့ရ၍ ယခုပြန်လည်စတင်ခြင်းဖြစ်ပါသည်၊ ၂၀၂၀ခု ဧပြီလတွင် အိမ်အမိုးပေါ်မှချော်ကျ၍ခါးရိုးကျိုးပြီးနောက် ပထမဆုံးအကြိမ် တောင်တက်ခြင်းလည်းဖြစ်ပါသည်...

Comments