လူလိမ္မာသား ယဉ်ပါး.....

 



  ·
.  လွန်ခဲ့တဲ့နှစ် ဇန္နဝါရီလ၃၀ရက် ၃၀.၁.၂၀၂၁ ကပိုစ့် လေး ပြန်တက် လာလို့ မျှဝေလိုက်ပါတယ်...

   ယနေ့ မနက်စောစော သားနဲ့အတူ မြတ်စွာဘုရားကို အာ ရုံဆွမ်း ဆီမီးပန်းကပ်လှူပူဇော်ပြီး အမျှတမ်းဝေရတာစိတ် ချမ်း သာလှပါတယ်... မြန်မာပြည်ကြီးစည်ပင်တိုးတက် သာယာဝပြောဘို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်...


  ဒီမိုကရေစီရှင်သန်စပြုနေပြီဖြစ်တဲ့  မြန်မာပြည်ကြီး လည်း ငြိမ်းချမ်းသာယာပြီး အရှိန်အဟုန် မပျက် ဖွံ့ဖြိုး တိုးတက်ပါစေလို့လည်း ဆုတောင်းအပ်ပါတယ်...


   အဖေက ဘာမှ မမက်ပါဘူး... ဘာမှ ကိုယ်မပိုင်သလို ကိုယ်နဲ့အတူ ဘာမှမပါသွားပါဘူး... ယောက္ခမဆီက ဘာ အခွင့်အရေးမှမယူခဲ့ ရောင့်ရဲတင်းတိမ်ပြီး ရိုးသားစွာ ရပ် တည်ခဲ့လို့ စိတ်ရှင်းပါတယ်.. မပြည့်စုံတဲ့သူတွေ အတွက် အဖေရဲ့ပရဟိတလုပ်ငန်းတွေ အလှူတွေအတွက်လည်း စိတ်ချမ်းသာ ကြေနပ်မိပါတယ်... 


   ဒါပေမဲ့သားလေး လိမ္မာ ရေးခြားရှိပြီး ဘဝမှာ ကိုယ့်ဒူး ကိုယ်ချွန် ရပ်တည် နိုင်ရင် လိုအပ်နေသူတွေကို ကိုယ်ချင်း စာပြီး ကူညီပံ့ပိုးနိုင်ရင် ကိုယ့်နိုင်ငံကို ဖွံ့ဖြိုးတိုးတက်ပြီး သာယာဝပြောအောင် တစ်ဘက်တစ်လမ်း ကနေ စွမ်းဆောင် နိုင်မယ်ဆိုရင် အဖေကျေနပ် ဝမ်းသာရပါပြီ....

Comments