ဝမ်းမြောက်ဘွယ် သတင်းကောင်း...




 
  ·

အချစ်တော် ရွှေမင်းသမီး အိမ်ပြန်ရောက်ပါပြီ...
    တစ်လောက ဆရာ့ရဲ့အိမ်တွင် အမြတ်တနိုးဝယ်ယူကာ ချိတ်ဆွဲထားသော Impressionist ပန်းချီဆရာကြီး ဦးလွန်း ကြွယ်၏ 1999ခု လက်ရာ "မီးရောင်အောက်မှ ကခြေသည်" ဆီဆေးပန်းချီကားကြီး ပျောက်ဆုံးသွား ကြောင်း Facebook တွင်တင် ခဲ့သည်ကို အမှတ်ရကြပါ လိမ့်မည်....
. .ဆရာကြီးဦးလွန်းကြွယ်၏ impression စုတ်ချက်များ မှာ အလွန်လှပပြီး ဆလိုက်မီးများအောက်တွင် မင်းသမီး လေးက ထမီသိမ်း အနားခတ်၍ ကနေဟန်မှာ မြူးကြွ၍ အသက်ဝင် လှပါသည်...
   ယခုအခါ ယင်းပန်းချီကားကြီးမှာ မူရင်းပိုင်ရှင် ဆရာ၏ လက်ဝယ်သို့ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း သတင်း ကောင်း ပါးအပ်ပါသည်...


. ပန်းချီကား ကြီးပြန်လည် ရရှိရေးသတင်းပေးသူ တာဝန် သိစွာ မေတ္တာဖြင့်ပြန်လည် ပေးအပ်သူ နှင့် Facebookမှ share သူများ messenger မှနေ၍ ဝိုင်းဝန်းအကြံပေး ကြသူများ ကူညီပေးသူ Art Gallery များအားလုံးကို ကျေးဇူး အထူး တင်ရှိပါသည်....
   ပြည်သူတို့အချစ်တော် ရွှေမင်းသမီးလည်း မကြာခင် ပြည်သူ များ၏ရင်ခွင်သို့ ပြန်လည်ရောက်ရှိနိုင်ပါစေ ကြောင်း ဆုတောင်းအပ်ပါသည်.....

Comments