ပရဟိတ သမား

 



. . တနေ့က ဆရာတို့ရဲ့ Open Classroom No(5) ပိတ်လိုက် ရကြောင်းပြောပြီးပြီနော်... တိုက်ဆိုင်စွာဘဲ Open Classroom No(2) အတွက်စာသင်ခုံတွေ သယ် တုံးက ဖြစ်စဉ်လေးပြန်တက်လာလို့ share လိုက်ပါတယ်
စေတနာ က ဝေဒနာ ဖြစ်တော့မလို့...


  ဆရာ့ရဲ့ Street Children Open Classroom No(2) အတွက် ထပ်လိုတဲ့ စာသင် စားပွဲနဲ့ ထိုင်ခုံတွေ အလုပ်ရုံ မှာပြီးနေပြီ ဆိုလို့ သွားကြည့်တယ်...
   ပစ္စည်းသယ်တဲ့ကားက မအားသေးလို့ မပို့သေးနိုင်သေး တာကြောင့် အရံသင့်ရှိတဲ့ ဆရာ့ကားလေးထဲထဲ့ပြီး မဆံ့ မပြဲ သယ်လာရပါတယ်... ကားဆရာက ခွင့်ယူသွားလို့ ကိုယ်တိုင် ဘဲမောင်းလာရတယ်...
   ဘုရင့်နောင်တံတား အတက်မရောက်ခင် စီမံချက် လုပ် နေတဲ့ ယာဉ်ထိန်းအရာရှိကတွေ့ပြီး ဖမ်းမလို့တားတယ်...
   ဆရာ လည်းအောက်ဆင်းပြီး ဒီထိုင်ခုံတွေက စီးပွားရေး အတွက်ရောင်းဘို့မဟုတ်၊ ပရဟိတ လမ်းဘေးစာသင်ဝိုင်း အတွက် သွားလှူဘို့ ဖြစ်ကြောင်း ပြောပြတယ်...
   ပထမတော့ မယုံတဝက် ယုံတဝက်ဖြစ် နေတယ်...
ဒါပေမဲ့ လမ်းဘေး စာသင်ဝိုင်းအကြောင်း သေသေချာချာ ရှင်းပြလိုက်တော့ ကိုယ့်ရဲ့စကားကိုဘဲ ယုံလို့လား...
ကိုယ့်ရဲ့ ဥပတိရုပ်ကိုဘဲ ယုံကြည်လို့လားမသိ... ဆက်သွား ခွင့်ပြုလိုက်တယ်... 😁😁😁
   နောက်ကကပ်ပါလာတဲ့ Taxi ကမီးပွိင့်မှာဘေးချင်းယှဉ် ရပ်တော့ ဘယ်လိုရှင်းလိုက်သလဲတဲ့ လှမ်းမေးတယ်...
သူအဖမ်းခံရတုံးက ဘယ်လိုမှ ညှိလို့မရဘူးတဲ့...
   ဆရာက လက်မထောင်ပြီး ပြောလိုက်တယ်...
ကျွန်တော်က ပရဟိတ သမားလေ လို့.. 😁😁😁

Comments